ကျွန်းစု ဇွန် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယမန်နေ့ (၃)နာရီ အချိန်က Quarantine Centre ၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာများနှင့် ဆက်စပ်ထိတွေ့မိ၍ စောင့်ကြပ်ကြည့်ရှုခြင်းခံယူနေသူများ အား ကိုဗစ်ရောဂါပိုးရှိ/မရှိ Rapid Diagnostic Antigen Test Kid(RDT) ဖြင့် စစ်ဆေးခဲ့ရာ (၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါ (Positive) ပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ရဲမင်းဦးထံမှ သိရသည်။
ရောဂါပိုးတွေ့ရှိသူ ဦး--- အား ကျွန်းစုမြို့၊ ကရုဏာနာရေးကူညီမှုအသင်းပိုင် ကျန်းမာရေး အထောက်အကူပြု မော်တော်ယာဉ်ဖြင့် မြို့နယ်ပြည်သူ့ ဆေးရုံကြီး ရှိ ကိုဗစ်-၁၉ ရောဂါ သီးခြား စောင့်ကြည့်ဆောင်သို့ ပို့ဆောင်၍ သီးခြားထားရှိ စောင့်ကြပ်ကြည့်ရှုကုသပေးလျက်ရှိသည်။
အဆိုပါ ရောဂါပိုးတွေ့ရှိသူသည် ဇွန်လ(၁၃)ရက်နေ့က ၎င်း၏ ဇနီးဖြစ်သူတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး ဆက်စပ်ထိတွေ့သူ ဦး--- အား Quarantine Centre ၌ အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုမှုခံယူရာမှ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စည်သူရအောင်