မြစ်ကြီးနား ဇွန် ၁၇
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်နယ်၏ အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုး တက်လာစေရေးအတွက် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်အားကစားကွင်း၌ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရအသင်းများနှင့် ခရိုင်ပေါင်းစုံအသက် (၂၅)နှစ် အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုရအသင်းများအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံခန်းမ၌ ဇွန် ၁၅ ရက်မှ စတင်၍ အပြည် ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် အသင်းပေါင်း(၇)သင်းဖြင့် ကျင်းပခဲ့သော ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရအသင်းများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပြုလုပ်ကျင်းပရာ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့ကြသည်။
ယင်းနောက် ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ကောင်စီအဖွဲ့ဝင်များက ဒိုင်လူကြီးများနှင့် ပြည် နယ်ပိုက်ကျော်ခြင်းဆပ်ကော်မတီအဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ပြိုင်ပွဲတွင်နေရာ အလိုက် အကောင်းဆုံးဆုများ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုနှင့် တတိယဆုနှင့် ဒုတိယဆုရ အသင်းများအားဆုတံဆိပ်များနှင့် ချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌက ပထမဆုရရှိသော သန့်ဇင်ကလပ်အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဘောလုံးကွင်းအတွင်း၌ ဇွန် ၁၀ မှ စတင်ကျင်းပခဲ့သော ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနားခရိုင်အသင်းနှင့် ပူတာအို ခရိုင်အသင်းတို့၏ ယှဉ်ပြိုင်မှုကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်နယ် ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှုအားပေးခဲ့ကြပြီး ဗိုလ်လုပွဲတွင် ပူတာအိုခရိုင်အမျိုးသမီး အသင်းက မြစ်ကြီးနားခရိုင်အမျိုးသမီးဘောလုံးအသင်းအား နှစ်ဂိုး/ ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြည် နယ်ကောင်စီအဖွဲ့ဝင်များက ဒိုင်လူကြီးများအား ဂုဏ်ပြုဆွဲပြားများနှင့် ပြိုင်ပွဲဖြစ်မြောက်ရေး အတွက် ဝိုင်းဝန်းကူညီခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ကြက်ခြေနီကြီး ကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ပြည်နယ်လက်ရွေးစင် ရွေးချယ်ရေး အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံးကစားသမားများနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်အမျိုးသမီးအဖွဲ့အားကစားဆပ်ကော်မတီ နာယက၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ဇနီး ဒေါ်နန်ဆိုင်းနှင့် အဖွဲ့ဝင်များက ပူးတွဲတတိယဆုရ ဗန်းမော်ခရိုင်အသင်းနှင့် မိုးညှင်း ခရိုင်အသင်း၊ ဒုတိယဆုရမြစ်ကြီးနားခရိုင်အသင်းနှင့် ပထမဆုရ ပူတာအိုခရိုင်အသင်းတို့ အတွက် တစ်ဦးချင်း လည်ဆွဲဆုတံဆပ်များနှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပထမဆုရ ပူတာအိုခရိုင်အသင်းအတွက် တံခွန်စိုက် ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ပြည်နယ်ပြန်/ဆက်