ကံမ ဇွန် ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး နေအိမ်ပြင်ပ ထွက်လျှင် နှာခေါင်းစည်း (Mask) တပ်ဆင်သည့် အလေ့အထဖြစ်စေရန် ရည်ရွယ်ပြီး ယနေ့နံနက် ၇ နာရီက ကံမမြို့၊ မြို့မဈေးနှင့် မြို့လယ်လူစည်ကားရာလမ်းဆုံတွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ရာတွင် ဈေးရောင်းဈေးဝယ်ပြည်သူများ၊ အကြောင်းအမျိုးမျိုးဖြင့် မြို့တွင်းမြို့ပြင် သွားလာနေသူများ အနက်မှ Mask မပါသူ Mask မတပ်သူများကို အခမဲ့ဖြန့်ဝေပေးပြီး စနစ်တကျ တပ်ဆင်ကြရန် ပညာပေး စည်းရုံး ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ပူပေါင်းပါဝင် ဆောင်ရွက် ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)