မြို့သစ်မြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် ​​​​​​​အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး 

မြို့သစ် ဇွန်  ၁၇ 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် ကလေး ကျန်းမာရေးဌာနမှ မြို့ပေါ်ရပ်ကွက်များရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ်အထိ ကလေး ငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိ ကြောင်း သိရသည်။  

ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် Social Distancing စနစ်ဖြင့် လူတစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာတွင် နေထိုင်စေခြင်း၊ ကလေးမိခင်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား နှာ ခေါင်းစည်းများ တပ်ဆင်လာစေခြင်းဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။  

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် မွေးကင်းစမှ (၁)နှစ်ခွဲအရွယ်ကလေးငယ် များ အား ဆုံဆို့နာ၊ ​ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)နှင့် ဦးနှောက် အမြှေးရောင်ရောဂါ  ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ အား မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက် ပေးခဲ့ကြောင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ်အထိ ကလေးငယ် (၁၅၀) ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး (၄၈) ဦးအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေး ပေးခဲ့ကြောင်း သိရသည်။  

သန်းဝင်းထွန်း