ဝန်းသိုမြို့နယ် ကျေးရွာသုံးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေဖြင့် ရွာတွင်း လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး 

ဝန်းသို ဇွန် ၁၇ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ရှိ ရွာသာကျေးရွာ၊ ညောင်အင်းကျေးရွာနှင့် ညောင်ကိုင်းကျေးရွာတို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (VDP) ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေဖြင့် ရွာတွင်းလမ်းများကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် လျက်ရှိရာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။ 

ရွာသာကျေးရွာတွင် လမ်းအရှည်ပေ ၁၅၀၀၊ အကျယ် ၁၀ပေ၊ ထု ၆လက်မရှိ ကွန်ကရစ်လမ်းကို လည်းကောင်း၊ ညောင်အင်းကျေးရွာတွင် လမ်းအရှည်ပေ ၁၁၀၀၊ အကျယ် ၁၂ပေ၊ ထု ၆လက်မရှိ ကွန်ကရစ် လမ်းကိုလည်းကောင်း၊ ညောင်ကိုင်းကျေးရွာတွင် လမ်းအရှည်ပေ ၇၀၀ပေ၊ အကျယ် ၁၀ပေ၊ ထု ၆လက်မရှိ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းတို့ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (VDP) စီမံ ကိန်းရန်ပုံငွေကျပ်သိန်း ၁၀၀ စီနှင့် ကျေးရွာလူထု၏ငွေအား၊ လုပ်အားစုပေါင်း၍ ကျေးရွာဖွံ့ဖြိုးရေးကော်မတီ အသီးသီးတို့က တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါကျေးရွာ သုံးရွာရှိ ရွာတွင်းလမ်းများကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးသဖြင့် အိမ်ခြေ ၁၂၆ အိမ်၊ လူဦးရေ ၆၆၆ ဦးတို့အတွက် သွားလာရေးတွင် များစွာအကျိုး ပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ 

ကျော်မြိုင်