ကော့သောင်းမြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲပြုလုပ်

ကော့သောင်း ဇွန် ၁၇

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိ ပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအ ထက်တန်းကျောင်း၊ မြတ်ရတနာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်အေးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ ကလေးသူငယ်များ၏ ပညာရေးဆိုင်ရာအခွင့်အရေး၊ ကလေးသူငယ်ကျင့်ဝတ်၊ စည်းကမ်းများနှင့် မိဘအုပ်ထိန်းသူနှင့် ဆရာ/ဆရာမများ၏ တာဝန်ဝတ္တရား များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောသည်။

ယင်းနောက် ကော့သောင်းမြို့နယ် ဥပဒေရုံးမှ ဦးစီးအရာရှိ ဦးဝေလျှံအောင်က ကလေးသူငယ် အခွင့် အရေးများဆိုင်ရာ ဥပဒေပါ ပြစ်မှု/ပြစ်ဒဏ်များဆိုင်ရာ သိကောင်းစရာများ အားလည်းကောင်း၊  မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးမှူး ဒေါ်သီသီအေးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါကလေးသူငယ်များ၏ အခွင့်အရေး များ၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်မေဇင်ဦးက ကလေးသူများ စိတ်ပိုင်းဆိုင်ရာ အသိပညာဗဟုတ တိုးပွားရေးဆိုင်ရာ သိသင့်သိထိုက်သည်များကို အသီးသီးအသိပညာပေးဟောပြောခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)