စုကလိမြို့အခြေခံပညာအထက်တန်းကျောင်း၌ နှာခေါင်းစည်း (Mask) များ လာရောက်လှူဒါန်း

စုကလိ ဇွန် ၁၇

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးပစ္စည်းဖြစ်သည့် နှာခေါင်းစည်း Mask များအား အလှူရှင်များက ယနေ့နံနက် ၁၀ နာရီ အချိန်၌ အဆိုပါကျောင်းသို့ လာရောက်လှူဒါန်းပေးခဲ့ကြသည်။

ထိုသို့လှူဒါန်းရာတွင် နှာခေါင်းစည်း Mask စုစုပေါင်း ၁၁၀၀၀ ခုအား အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးမှ လာရောက်လှူဒါန်းပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးသက်က လက်ခံရယူပေးခဲ့သည်။

အဆိုပါ စုကလိမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း ကျောင်းသား (၉) ဦး၊ ကျောင်းသူ (၄၅) ဦး၊ စုစုပေါင်း (၅၄) ဦးတက်ရောက်ကြပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ 

ပိုပိုအောင်