ညောင်လေးပင် ဇွန် ၁၇
ဌာနမှ ဇွန်လ ၁၇နေ့ နံနက် ၁၁နာရီက မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှေ့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြသ ခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်သည် ဇွန်လ ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဖြစ်ပြီး နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါးနှင့် ဥပဒေများသမိုင်းကြောင်း၊ မူးယစ်ဆေးဝါးလုံးဝပပျောက်ရေးဆောင်းပါး၊ စိတ်ကြွဆေးပြား အလွဲသုံးစွဲရခြင်းအကြောင်းရင်းများ၊ မူးယစ်ဆေးဝါး အလွဲသုံးစွဲမှုကြောင့်ဖြစ်လာမည့် နောက်ဆက်တွဲခံစားရမှုများ၊ ကာတွန်း၊ မူးယစ်ဆေးဝါး ဆိုတာ ဘာလဲ စသည့် ကဏ္ဍစုံလင်စွာ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။