ဇမ္ဗူသီရိ ဇွန် ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးနှင့် ပူးပေါင်း၍ ပန်းခင်း စီမံချက် အကြောင်းအသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၃ နာရီ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက ပန်းခင်းစီမံချက်အကြောင်း အသိပညာပေး Talk Show ကျင်းပ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသန်းထူးက ပန်းခင်းစီမံချက်အကြောင်း၊ ပန်းခင်းစီမံချက်ဖြင့် မွေးရာပါ နိုင်ငံသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့် အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်းဆောင်ရွက်ရန် လုပ်ငန်းစဉ်များအကြောင်း၊ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးမည့် လုပ်ငန်းများနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ပန်းခင်းစီမံချက်အရ နေထိုင်မှုပုံစံများ အလိုက် နည်းလမ်း (၄) သွယ်ဖြင့် ဆောင်ရွက်ပေးနေမှု အခြေအနေများ စသည့် အကြောင်း အရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်တွင် လူဦးရေစုစုပေါင်း (၁၂၇၂၁၆) ဦးနေထိုင်လျက်ရှိပြီး အသက် ၁၆ နှစ်မှ ၁၈ နှစ်အထိ (၄၇၇၈) ဦးနှင့် အသက် ၁၈ နှစ်အထက် (၉၃၇၁၂) ဦးရှိပြီး အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရန်ကျန်ရှိသည့် (၅၇၃၁) ဦးအား ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါ ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် အသက် ၁၆နှစ် မှ ၁၈ နှစ်အထိနှင့် အသက် ၁၈ နှစ်အထက်ရှိသူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)