ကျိုက်ဒုံ၌ RS - CS မျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးရန် ဘောင်ပျိုးစနစ်ဖြင့် မျိုးစေ့ချပျိုးထောင်ခြင်း လုပ်ငန်း ဆောင်ရွက်

ကျိုက်ဒုံ ဇွန် ၁၇

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်အဖွဲ့များက ဝက်ဒုံကျေးရွာ တောင်သူဦးနိုင်လယ်ယာမြေတွင် RS - CS မျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးရန် ဘောင်ပျိုးစနစ်ဖြင့် မျိုးစေ့ချ ပျိုးထောင်ခြင်း လုပ်ငန်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ မျိုးစေ့ထုတ်လုပ်ငန်းစိုက်ပျိုးခြင်းဖြင့်တောင်သူများ မျိုးကောင်းမျိုးသန့် ပွားများလာစေရေး၊ အထွက်ကောင်း မျိုးကောင်းမျိုးသန့်များ ရရှိလာစေရန်နှင့် မျိုးကောင်းမျိုးသန့်များ ပွားများစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းပိုမိုထွက်ရှိပြီး စားသုံးမှုဖူလုံစေပြီး အကျိုးအမြတ် ပိုမိုရရှိလာစေရန်အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျိုက်ဒုံ(ပြန်/ဆက်)