ပြည်မြို့အဝင် တာဂွ(လမ်းဆုံ)၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ အသိပညာပေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

 

ပြည် ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး ပြည်မြို့အဝင် တာဂွ (လမ်းဆုံ)၌ ယနေ့နံနက်ပိုင်းက စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးတုန့်ပြန်‌    ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပြည်-အောင်လံ-ပေါက်ခေါင်းလမ်းတို့ ဆုံမှတ်နေရာဖြစ်သော အဆိုပါ တာဂွ(လမ်းဆုံ) စစ်ဆေးရေးဂိတ်တွင် မြို့အတွင်းဝင်ရောက်လာကြသူများကို ပါးစပ်နှာခေါင်းစည်း mask တပ်ဆင်မှု ရှိ/မရှိစစ်ဆေးခြင်း၊ maskကို စနစ်တကျ တပ်ဆင်သွားလာရေးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ ပြုမူနေထိုင်သွားလာရေး အသိပညာပေးနှိုးဆော်ခြင်း၊ maskမတပ်ဆင်ဘဲ သွားလာနေကြသူများကို ပညာပေးအနေဖြင့် mask (၃)ခုကို ငွေကျပ် ၅၀၀ဖြင့် ဝယ်ယူစေပြီး maskကိုစနစ်တကျတပ်ဆင်ပြီးမှသာ မြို့တွင်းသို့ဝင်ထွက်သွားလာစေခြင်း စသည်တို့ကို ကနဦးပညာပေးဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါစစ်‌ ဆေးရေးဂိတ်ကို နေ့စဉ် နံနက်(၆)နာရီမှ ညနေ(၆)နာရီအထိ ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး ကြိုတင် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည်ဖြစ် ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးတုံ့ပြန်‌ရေး ကော်မတီမှ သိရသည်။