မုဒုံ ဇွန် ၁၇
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်းတွင် သဘာဝချည်ဆိုးဆေးသင်တန်ဖွင့်ပွဲကို ယနေ့နံနက်၁၀ နာရီက ပြုလုပ် ကြောင်း သိရသည်။
ရိုးရာရက်ကန်းပညာနှင့် ဆက်နွယ်သည့် သဘာဝဆိုးဆေးဖြင့် လက်ရက်ထည်များ ထုတ်လုပ်နိုင်ပြီး သဘာဝ ဆိုးဆေးနည်းပညာများ ပြန့်ပွားလာစေရန် ပြည်တွင်းစျေးကွက်တွင် သာမကပြည်ပ စျေးကွက် ထိရောင်းချနိုင်သည့် လက်ရက်ထည်များ ထုတ်လုပ်လာနိုင်စေရန်နှင့် သဘာဝ ဆိုးဆေး နည်းပညာဖြင့် တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်များ ထူထောင်နိုင်ပြီးမိသားစုဝင်ငွေ တိုးပွားလာစေရန်ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း မုဒုံမြို့နယ်ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှခက်ကပြောကြားသည်။
အဆိုပါသင်တန်းကို မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှသဘာဝဆိုးဆေးနည်း ပညာကို စိတ်ပါဝင်စားသည့် သင်တန်းသား(၁၅)ဦးတို့က ဇွန်လ၁၄ရက်နေ့မှ ဇွန်လ၂၀ရက်နေ့ ထိ တစ်ပတ်ကြာ သင်တန်းနည်းပြ(၂)ဦးဖြင့်စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ