ဇမ္ဗူသီရိ ဇွန် ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက မြို့နယ်အတွင်း ထူးခြား ဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြသွားကြရန်၊ မိမိရုံး ဌာန လုံခြုံရေး ဆိုင်ရာကိစ္စရပ်များအား အထူးဂရုပြုဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေး ဂရုပြုလိုက်နာဆောင်ရွက်ကြရန်၊ သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နိုင်ရန် အတွက် မိမိရုံးနှင့် မိမိနေထိုင်ရာ ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းရေးများ ဆောင်ရွက် ထားကြရန်နှင့် ဌာနဆိုင်ရာများအနေဖြင့်လည်း ဆွေးနွေးတင်ပြစရာရှိပါက ဆွေးနွေးတင်ပြ ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာ များက မိမိတို့ဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ လုပ်ငန်းစီမံလျာထားချက် အခြေအနေများအား ဆွေးနွေး ပြောကြားခဲ့ကြပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)