ကွမ်းလုံ ဇွန် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု မရှိ စေရေး ကာကွယ်ထိန်းချုပ် သည့်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်အား ကွမ်းလုံမြို့အဝင် ကောင်းခါးစစ်ဆေးရေးဂိတ်၌ ဖွင့်လှစ်ပြီး ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊မီးသတ်တပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာများနှင့် ကြက်ခြေနီ အဖွဲ့ များ ပူးပေါင်းပါဝင်ပြီး ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု မရှိစေရေး ကာကွယ်ထိန်းချုပ်ရေးအတွက် ဇွန်လ ၁၀ ရက်နေ့မှစ၍ ကျန်းမာရေးစစ်ဆေးဂိတ်ဖွင့်လှစ်ပြီး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာတွင် လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့နှင့်ဟိုပန်မြို့နယ်များမှ ကွမ်းလုံမြို့တွင်းသို့ ဝင်ရောက်လာသည့် မော်တော်ယာဉ် ယာဉ်မောင်းများနှင့်လိုက်ပါလာသည့် ခရီးသည်များ ၊ မော်တော်ဆိုင်ကယ်မောင်းနှင်သူများ နှာခေါင်းစည်း Mask တပ်ဆင်စေခြင်း၊ ကိုအပူချိန် တိုင်းတာခြင်း၊ လာရောက်သည့်မြို့နယ်နှင့် သွားရောက်မည့် ဒေသများကို မှတ်တမ်းကောက်ယူခြင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ကွမ်းလုံမြို့နယ်တွင်းသို့ အခြားနေရာဒေသများမှ ရောက်ရှိလာသူများအတွက် Quarantine Centre အား ကြိုတင် ဆောင်ရွက်ထားရှိပြီး Positive လူနာများတွေ့ရှိလာပါက Isolation Word ကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)