မလှိုင် ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ (၁၄၄) အရထုတ်ပြန်ခဲ့ သော အမိန့်အမှတ် (၂ /၂ဝ၂၁) ကို ဇွန်လ ၁၇ ရက်နေ့ ထုတ်ပြန်သော အမိန့်အမှတ်(၃/၂ဝ၂၁) ဖြင့် လွှမ်းမိုးပယ်၍ မြို့နယ်အတွင်း ညမထွက်ရအမိန့် သတ်မှတ်ချိန်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ယမန်နေ့က ပြောင်းလဲထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမိန့်အမှတ်(၃/၂ဝ၂၁)တွင် မလှိုင်မြို့နယ်အတွင်းစုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်အမျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည်လည်ခြင်း ၊လှုံ့ဆော်ဆန္ဒ ပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်မှုများကို မပြုလုပ်ရန် တားမြစ်လိုက်သည်။ ထို့အပြင် လူ(၅)ဦး (သို့မဟုတ်) လူ(၅) ဦးထက်ပိုသောသူများသည် မြို့နယ်အတွင်း လမ်းမကြီးများ ၊ အများပြည်သူသွားလာရာလမ်းမ ၊ လမ်းသွယ်၊ လမ်းကြား ၊ ဥယျာဉ် ၊ ပန်းခြံ ( သို့မဟုတ် ) အများ ပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် စုဝေးခြင်းမပြုလုပ်ကြရန်နှင့် ည(၁ဝ)နာရီအချိန်မှ နံနက်(၄) နာရီ အချိန်တွင်း ညမထွက်ရအမိန့် ထုတ်ပြန်ချက်များ ပါဝင်ကြောင်း သိရသည် ။
အဆိုပါ ညမထွက်ရအမိန့်သည် (၁၇.၆.၂ဝ၂၁ မှ ၁၆.၈.၂ဝ၂၁ )အထိ (၂လ )သတ်မှတ်ထားကြောင်း သိရသည် ။
အောင်ဌေး(မလှိုင်)