အပြည်ပြည်ဆိုင် ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်  နယ်လှည့်ကွင်းဆင်းဟောပြောပွဲကျင်းပ

မိုင်းရယ်  ဇွန်  ၁၈

ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီ ၃၀ က မိုင်းရယ်မြို့ အခြေခံပညာ အထက်တန်း ကျောင်းတွင် ပြုလုပ်သည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နယ်လှည့်ကွင်းဆင်းဟောပြောပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာလာက မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း စာစီစာကုံးပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ကျင်းပမည်ဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်များကို သိရှိလိုက်နာရှောင်ရှားကြရန် လိုအပ်ပါကြောင်း ဟောပြောပါသည်။

အဆိုပါ  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်း အမှတ် စာစီစာကုံးပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ဇွန်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်၍ COVID-19 ရောဂါကာကွယ်နိုင်ရေးအတွက် အထက (မိုင်းရယ်)တွင် COVID-19 ရောဂါကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

မိုင်းရယ် (ပြန်/ဆက်)