မှော်ဘီမြို့နယ်၌ ကျောင်းသား/ကျောင်းသူများအတွက် ယာဉ်အန္တရာယ် ကင်းရှင်းရေးဆောင်ရွက်

မှော်ဘီ ဇွန် ၁၈ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် တွင်ကျောင်းသား/ကျောင်းသူများအား ယာဉ်တိုက်မှု အန္တရာယ်မှ ကင်းရှင်းစေရေးအတွက် အမှတ်(၆၄) မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ ကျောင်းဖွင့်သည့် နေ့တိုင်း ဆောင်ရွက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ယာဉ်များအဓိက သွားလာမှု များပြားသည့် ရန်ကုန်-ပြည် ကားလမ်းဘေးရှိ အ.ထ.က(၁) ၊ အ.ထ.က(၂) ၊ အ.ထ.က တပ်ကြီးကုန်းနှင့် အ.ထ.က မြောင်းတကာ တို့၏ ကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ ယာဉ်တိုက်မှု မဖြစ်ပွားစေရန်၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် ကျောင်းဖွင့်သည့် နေ့တိုင်း ကျောင်းတက်ချိန်၊ ကျောင်းဆင်းချိန်များတွင် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးလျက်ရှိပြီး လူစည်ကား ရာ နေရာဖြစ်သည့် မှော်ဘီမြို့မစျေးတွင်လည်း စျေးဝယ်သူ ၊ ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် နေ့တိုင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။ ကောင်းမြတ်သူ