လားရှိုး ဇွန် ၁၇
လားရှိုးမြို့ မဈေးကြီးမှ ဈေးတွင်းဈေးရောင်းချသူတစ်ချို့ထံမှ ကူးစက်မြန်အသွင်ပြောင်း ကိုဗစ်(၁၉) ရောဂါပိုး တွေ့ရှိရသောကြောင့် ဆိုင်ခန်းပေါင်း(၄၀၀)ကျော်ကို အရေးပေါ် ပိတ်သွားမည်ဖြစ်ကြောင်း ယနေ့ ညနေ(၃)နာရီခွဲအချိန်က ဈေးတာဝန်ခံ ထံမှသိရသည်။
မြို့မဈေးကြီးနှင့် ဆက်လျက်ရှိ ကုန်စိမ်းဈေးရုံများရောင်းချသည့် ဆိုင်များအားလုံး၊ အဆိုပါကုန်စိမ်း ဆိုင်များနှင့် ကပ်လျက်ရောင်းချနေသည့် စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ လူသုံးကုန်ပစ္စည်း ဆိုင်များနှင့် ဗိုလ်ချုပ်လမ်းပေါ်ရှိဈေးဧရိယာတွင်ရောင်းချနေသော သစ်သီးဆိုင်များပါဝင်မည်ဖြစ်ပြီး စုစုပေါင်းဆိုင်ခန်း(၄၀၀)ကျော်ကို ဇွန်လ(၁၈)ရက်နေ့မှ ဇူလိုင်လ(၁)ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ပြီး လားရှိုးမြို့မဈေးကြီးရှိချယ်ရီရုံအားလည်း ပိုးသတ်ဆေးများပက်ဖြန်းသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ဟန်ဌေး(လားရှိုး)