မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများ အိမ်မဲမြို့တွင်ကျင်းပ

အိမ်မဲ   ဇွန်  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မိုးလုံလေလုံအားကစားခန်းမတွင် အားကစားဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (TSDP)   အားကစားပြိုင်ပွဲဖွင့်ပွဲများကို   ယမန်နေ့ နံနက် ၉နာရီကကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်က မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်စေရန်၊  မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာ စေရန်နှင့် အားကစားဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ပြိုင်ပွဲများ ကျင်းပပေးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစား သမားများက အားကစားသစ္စာအဓိဌာန်(၄)ချက်ကိုရွတ်ဆိုကြပြီး ဖွင့်ပွဲအနေဖြင့် ဘောလီဘော အားကစားပြိုင်ပွဲကို ပဒက်အသင်းနှင့် ပန်းပင်ဆိပ်အသင်းတို့က ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများတွင် ဘောလီဘော၊ စားပွဲတင် တင်းနစ်နှင့်Fitness Dance များပါဝင်ပြီးဇွန်လ ၁၉ ရက်နေ့တွင်ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား  ကျင်းပသွားမည်ဖြစ်ကြောင်း  သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)