ကန့်ဘလူ ဇွန် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် စုပေါင်းရုံး ရွှေဆည်မြိုင်အစည်းအဝေးခန်းမတွင် ယမန် နေ့ မွန်းလွဲ ၁ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့နှင် ့မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ တွေ့ဆုံ၍ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ထူးမောင်က မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေများ၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု၏ အခြေခံ သဘောတရားများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပေါ် စိစစ်တွေ့ရှိချက်များ၊ ဗုံးအန္တရာယ်နှင့်ပတ်သက်၍ အသိ ပညာပေးဆွေးနွေးခြင်းနှင့်ပြည်သူများ အိမ်ထောင်စု လူဦးရေစာရင်းဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိ ကိုင်ဆောင်နိုင်အောင် ဆောင်ရွက်ပေးမည့် ပန်းခင်းစီမံချက်အကြောင်းများကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)