မလှိုင်မြို့နယ် သက္ကယ်ကျင်းကျေးရွာ ကုန်ထုတ်လမ်းဖေါက် လုပ်နေမှုကွင်းဆင်းစစ်ဆေး

                                                                         မလှိုင် ၊ ဇွန် ၁၈

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်သည် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်များလိုက်ပါလျက် သက္ကယ်ကျင်းကျေးရွာအတွင်း ကုန်ထုတ်လမ်းဖေါက်လုပ်နေမှုကို ယမန်နေ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကုန်ထုတ်လမ်းကို မလှိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနမှ တင်ဒါအောင်မြင်ခဲ့သော Hi-Techland ကုမ္ပဏီမှ ခွင့်ပြုငွေ (၉၅.ဝ၂)သန်းဖြင့် တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး လမ်းအရှည်(၂)မိုင်၊ အကျယ်(၁၂)ပေ ရှိကြောင်းသိရသည်။ လမ်းအမျိုးစားမှာ ကုန်ထုတ်လမ်း (ဂျင်းလမ်း)ဖြစ်ပြီး ဇွန်လကုန်တွင်အပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားပေးခဲ့သည် ။ 

အဆိုပါကုန်ထုတ်လမ်းပြီးစီးသွားပါက  ဒေသထွက်ကုန်သီးနှံများကို ကျေးရွာအရောက် အလွယ်တကူ သယ်ယူ ပို့ဆောင်နိုင်ပြီး ထိုမှတဆင့် မလှိုင်မြို့၊ နွားထိုးကြီးမြို့နှင့်အခြားမြို့နယ်အသီးသီးသို့ အချိန်ရာသီမရွေးတင်ပို့ရောင်း ချနိုင်မည်ဖြစ်သောကြောင့် ဒေသခံပြည်သူတို့၏လူမှုစီးပွားဘဝများမှာလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပေသည် ။                                        

အောင်ဌေး(မလှိုင်)