ပလောက်မြို့၊ ပြည်ခြားကျေးရွာရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံစိတ်ချရမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေး

 

ပလောက် ဇွန်  ၁၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ မီးသတ် ဦးစီးဌာန မှ ပြည်သူများ မီးဘေး အန္တရာယ် ကင်းဝေးစေရန် အတွက်ယနေ့ နံနက်(၁၀)နာရီအချိန်က မီးသတ်ဦးစီးဌာန လက်ထောက် မီးသတ် ဦးစီးမှူး ဦးခင်အောင်ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ် ကွက်များရှိ စက်သုံးဆီ အရောင်း ဆိုင်များသို့ သွားရောက်ပြီး မီးဘေးလုံခြုံစိတ်ချရမှုရှိ/မရှိ နှင့် မီးဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းများစနစ်တကျ ဆောင်ရွက် ထားမှုရှိ/မရှိ တို့ကို ကွင်း ဆင်း ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပလောက်မြို့ မီးသတ်ဦးစီးဌာ မှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးခင်အောင် နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပြည်ခြားကျေးရွာရှိ စက်သုံးဆီ အရောင်းဆိုင် များသို့သွားရောက်ပြီး မီးဘေး လုံခြုံရေး အတွက် အထူး ဂရုပြု ဆောင်ရွက်သွားရန် လျှပ်စစ် မီးများ အားကိုင်တွယ်အသုံးပြုရာတွင် အန္တရာယ် မဖြစ်စေရေး စနစ်တကျ ကိုင်တွယ်အသုံးပြုရန် မီးဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ကြိုတင် ကာကွယ်ရမည့် ဆောင်ရန်/ ရှောင်ရန် အချက်များ မီးသတ်ဆေးဘူး အသုံးပြုနည်းများကို အသိပညာ ပေးဆွေး နွေးဟောပြောပြီး မီးသတ် ဆေးဗူးများ အရည် အသွေးပြည့်မီ မှု ရှိ/မရှိ တို့ကို လိုက်လံ ကြည့်ရှုစစ် ဆေးခဲ့ ကြောင်း သိရသည်။

နှင်းမြူလွင်