သဲကုန်း ဇွန် ၁၈
ပဲခူးတိုင်းသေကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) လုပ်ငန်းမှ ဇီးကုန်းအုပ်စု၊ စွယ်စောင်းကုန်ကျေးရွာ၏ ကွန်ကရစ်လမ်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေအား ပြည်ခရိုင် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဟန်မြင့်ထွန်းနှင့်အဖွဲ့မှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် အဆိုပါအဖွဲ့သည် ကျေးရွာစီ/ထောက် ကော်မတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ကွန်ကရစ်လမ်းအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ကြရန်၊ သတ်မှတ်ရက်အတွင်း အချိန်မီ ပြီးစီးရေး ကြိုးစားဆောင်ရွက်ကြရန်နှင့် ရေရှည်တည်တံခိုင်မြဲစေရေးအတွက် အစဉ်ဝိုင်းဝန်း ထိမ်းသိမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း