မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးစရိတ် ထုတ်ချေးပေးရန် ချေးငွေကျပ်သိန်း (၉၉၈၆၇) လျာထား

မင်းလှ ဇွန် ၁၈ ပဲခူးတိုင်းဒေသကြီး ၊ မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ ခုနှစ်၊ မိုးစပါးစိုက် တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင် ရွက်နိုင်ရန်အတွက် ချေးငွေကျပ်သိန်း (၉၉၈၆၇) ထုတ်ချေးပေးရန် လျာထားကြောင်း မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်ခွဲမှ သိရသည်။ မင်းလှမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း (၅၆)အုပ်စုမှ ချေးယူမည့်တောင်သူ (၁၀၀၉၃) ဦး၏ စပါးစိုက် ဧကပေါင်း(၆၆၅၇၈)ဧကမှ တစ်ဧကလျှင် တစ်သိန်းခွဲနှုန်း၊ တောင်သူတစ်ဦးလျှင် အများဆုံး(၁၀) ဧကအထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး အတိုးနှုန်းတစ်နှစ်လျှင် ၅ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း သိရသည်။ ၂၀၂၀ ခုနှစ်၊ မိုးစိုက်ပျိုးစရိတ်နှင့် အချိန်စေ့လွန်ကြွေးကျန်မရှိသော တောင်သူများအား ဦးစားပေး ထုတ်ချေးပေးမည်ဖြစ်ပြီး၊ ယခုနှစ်တွင်ထုတ်ချေးငွေကို လယ်ယာလုပ်ပိုင် ခွင့်ပြုလက်မှတ်ပုံစံ(၇) မူရင်းအားဘဏ်တွင် အပ်နှံနိုင်သော တောင်သူများကို ဇွန်လ စတုတ္တပတ်အတွင်းမှစ၍ စက်တင်ဘာ လကုန်ထိ အမှတ် (၅)ရပ်ကွက်၊ မိဂဒါဝုန်ဘုရားတိုက်တွင် ချေးငွေတောင်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်း ကမ်းချက်များနှင့်အညီ ထုတ်ချေးပေးသွားမည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ မြို့နယ်မန်နေဂျာက ပြောကြားသည်။ ပေါက်စ