အုတ်ဖိုမြို့တွင် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်

အုတ်ဖို ဇွန် ၁၈ မိုးရာသီကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးနှင့် ရေးစီးရေလာကောင်းမွန်ပြီး ခြင်ယင် ပိုးလောက်လန်းပေါက်ဖွားမှု အန္တရာယ်ကင်းဝေးစေရေးအတွက် ပဲခူတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ မြို့ပေါ်ရပ်ကွက်များတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေမြောင်း တူးဖော်ခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ရေမြောင်း တူးဖော်ခြင်း လုပ်ငန်းများကို ဧပြီလမှစတင်တူးဖေါ်ခဲ့ရာ ချမ်းမြသာမြေ မြို့သစ် ၁ လမ်း၊ ၂ လမ်း၊ ၃ လမ်း၊ ဗိုလ်ရုံတန်းလမ်း၊ တြိဒါနလမ်း၊ မိုးညိုတန်းလမ်းတို့တွင် ပေ အရှည် (၁၅၀၀၀)ခန့် တူးဖော်ပြီးစီးခဲ့ပြီး မြို့မ(၂)လမ်း၊ ကျောင်းကြီးတန်းရပ်ကွက်နှင့် မီးရထား လမ်းဘေးရှိ ရေမြောင်းများအား ဆက်လက်တူးဖော်သွားမည်ဖြစ်ပြီး ယခုနှစ်အတွင်း စုစုပေါင်း ပေ (၂၀၀၀၀)ကျော် တူးဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်း မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးဖြိုးဝေအောင်ထံမှ သိရသည်။ အောင်သူ