ဘိုကလေးမြို့နယ် အစည်လေးကျေးရွာမှ လေဘေးသင့် အိမ်ထောင်စုအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကူညီထောက်ပံ့

ဘိုကလေး  ဇွန်  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာအုပ်စု၊ အစည်လေး ကျေးရွာတွင် ဇွန်(၁၄)ရက်နေ့ ညနေပိုင်း၌ မိုးသည်းထန်းစွာရွာသွန်းပြီး လေပြင်းတိုက်ခတ် မှုကြောင့် ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့သဖြင့် ယမန်နေ့ ဇွန်(၁၇) ရက်နေ့တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့မှုများ ပြုလုပ် ခဲ့သည်။

ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးသော်ထက်အောင်မှ လေဘေးသင့် မိသားစုဝင်၏ လက်ဝယ်အရောက်  ကယ်ဆယ်ရေး ပစ္စည်း (၁၇)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁)သိန်းကျပ်၊ လေဘေးသင့် မိသားစုဝင် (၄)ဦး အတွက်(၇)ရက်စာ ဆန်ရိက္ခာဖိုးတို့အား သက်ဆိုင်ရာ တာဝန်ရှိသူများ ရှေ့မှောက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)