မင်းလှ ဇွန် ၁၈
စာဖတ်သည့်အလေ့အထကောင်းများရရှိရန်၊ လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန်ရည်ရွယ်ပြီး ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ ဝန်ထမ်းများက ပီမိုးနင်းရေးသားသော ကမ္ဘာ့မင်တန်စာအုပ်မှ ပီယသိဒ္ဓိ ကိုယ်ဆောင် တစ်ခုကောင်း၊ စွဲမြဲခြင်းအကျိုး၊ တွေးတောခြင်းအပြစ်၊ အားလပ်သောအချိန် ကလေးများ စသည့်ခေါင်းစဉ်ပါ အကြောင်းအရာများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ပေါက်စ မင်းလှ