ထန်းတပင်၌ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးသော နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ကျေးရွာနေပြည်သူများထံ ပေးအပ်

ထန်းတပင်(ရန်ကုန်) ဇွန် ၁၈

ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက် ပေးခြင်းကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက် ပေးလျက်ရှိပြီး ယနေ့နံနက်ပိုင်းက အတွင်းရေကျော်ကျေးရွာနှင့် စံကင်းကြီးကျေးရွာတို့တွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာနေ ပြည်သူများထံသို့ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရာတွင်လည်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမျိုးကျော်သူက နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲသို့ တက်ရောက်လာကြသည့် အတွင်းရေကျော်ကျေးရွာနှင့် စံကင်းကြီးကျေးရွာနေ ပြည်သူများအား ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အတွင်းရေကျော် ကျေးရွာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရရှိသေးသည့် အမျိုးသား(၂၀)ဦးနှင့် အမျိုးသမီး(၃၂)ဦး၊ စုစုပေါင်းကျေးရွာနေပြည်သူ (၅၂)ဦးတို့အား နိုင်ငံသားစိစစ် ရေးကတ်ပြား(၅၂)ကတ်နှင့် စံကင်းကြီး ကျေးရွာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရရှိသေးသည့် အမျိုးသား (၁၉)ဦးနှင့်အမျိုးသမီး(၂၁)ဦး စုစုပေါင်း ကျေးရွာနေ ပြည်သူ(၄၀)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၀)ကတ်တို့ကို မြို့နယ်ဦးစီးမှူး ဦးမျိုးကျော်သူနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်တွင် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက် ပေးခြင်းကို မေလ()ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိပြီး ကွင်းဆင်းပြုလုပ်ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့် ကျေးရွာများကိုလည်း ဆက်လက်၍ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်