ရေတာရှည်မြို့နယ်တွင် မြို့နယ်သံဃာ့ဝန်​ဆောင် နှစ်ပတ်လည်အစည်းအ​ဝေး ကျင်းပပြုလုပ်

ရေတာရှည်  ဇွန် ၁၈

ပဲခူးတိုင်း‌ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မြို့နယ်သံဃာ့ဝန်​ဆောင်နှစ်ပတ်လည် အစည်းအ​ဝေးကို ယနေ့ နံနက်ပိုင်းက မြို့ဦးပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် နိုင်ငံတော်သြဝါဒစရိယ ဆွာမြို့ စက်ရုံပရိယတ္တိစာသင်တိုက် ပဓါနနာယကဆရာ တော် ဘဒ္ဒန္တသာသနမှ အဖွင့်သြဝါဒ မြွတ်ဟ​ပြောကြားခဲ့ပြီး အစည်းအဝေး၏ သဘာပတိ မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာ​တော် ဘဒ္ဒန္တပညာ​ဇောတက သြဝါဒမြွတ်ဟ​ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်သံဃာ့ဝန်​ဆောင် ဆရာ​တော်များမှ မိမိတို့၏ ကျေးရွာအုပ်စုများအတွင်းရှိ သာသနာရေးဆိုင်ရာများကို တင်ပြ​​လျှောက်ထားခဲ့ကြပြီး မြို့နယ်သာသနာရေးဦးစီးမှူး ဦးဉာဏ်စိုးက သာသနာရေးဆိုင်ရာများကို တင်ပြ​​​လျှောက်ထားခဲ့ကာ အစည်းအဝေး၏ သဘာပတိဆရာ​တော်မှ နိဂုံး ချုပ် သြဝါဒ မိန့်ကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့​သည်။

အဆိုပါ အစည်းအ​ဝေးသို့ မြို့နယ်သံဃာ့ဝန်​ဆောင်ဆရာ​တော် (၈၁) ပါး ကြွ​ရောက်​တော်မူ​ကြောင်း သိရ သည်။

အေးဆု