သာယာဝတီ ဇွန် ၁၈
ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အင်းရွာတောင်သူ လယ်သမား သင်တန်း ကျောင်းခန်းမတွင် ယနေ့ နံနက် ၁၀ နာရီကမိုးစပါး မျိုးစေ့ထုတ် စံပြကွက် တောင်သူများအား မျိုးကောင်းမျိုးသန့် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစိုးရွှေအောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းအောင်ဆန်းက မိုးစပါးမျိုးစေ့ထောက်ပံ့ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ တောင်သူများ အနေနဲ့ မျိုးစေ့များကို ကိုယ်တိုင်ထုတ်လုပ်ကြမည်ဆိုပါက ဝင်ငွေတိုးပွားလာမည်ဖြစ်ကြောင်း၊ မိမိတို့တို့ရဲ့ ဒေသမှာလည်း မျိုးကောင်းမျိုးသန့် လုံလောက်စွာ ရရှိ လာနိုင် မှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သာယာဝတီမြို့နယ်မှ မိုးစပါး မျိုးစေ့ထုတ်စံပြကွက်တောင်သူများအား တာဝန်ရှိသူများကမိုးစပါး မျိုးကောင်း မျိုးသန့်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန့်ဇော်