သတင်းများ

လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ ငွေကျပ်သိန်း(၂၀)လှူဒါန်း
Sep 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်၊ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံနှံမှုမရှိစေရေးနှင့် ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များထံ သို့ အလှူရှင်များ လာရောက်လှူဒါန်ထားသည့် ငွေကျပ်သိန်း(၂၀)အား လွှတ်တော်ကိုယ်စားလှယ်များမှ လှိုင်သာယာ မြို့နယ်ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီထံသို့ ယမန်နေ့ ညနေပိုင်းက လှိုင်သာယာမြို့နယ် သာသနာ့ဗိမာန်တော်ကြီးတွင် လှူဒါန်းသည်။
COVID-19 စီးပွားရေးကုစားမှု(CERP)အရ IDPs စခန်းများရှိ တိုက်ပွဲရှောင်ပြည်သူများ အတွက် အခြေခံစားသောက်ကုန်များ ဝယ်ယူရန် ထောက်ပံ့ငွေများ ပေးအပ်
Sep 18,2020
ရှမ်းပြည်နယ်(မြောက်ပိုင်)၊မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ IDPs စခန်းများမှ တိုက်ပွဲ ရှောင်ပြည်သူ များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် COVID-19 စီးပွားရေး ကုစားမှု(CERP)အရ အခြေခံစားသောက်ကုန်များဝယ်ယူနိုင်ရန် ထောက်ပံ့‌ ငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက နမ့်ခမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများအတွက် Royal-D များ လာရောက် လှူဒါန်း
Sep 18,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာလတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရှိ ဝန်ထမ်းများ လုပ်ငန်းများတွင် ခွန်အားပြည့် လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ Royal-D များ လာရောက်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က လှူဒါန်းခဲ့သည်။
မှော်ဘီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အမှိုက်များစနစ်တကျ စွန့်ပစ်ရန် ဆောင်ရွက်
Sep 18,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် Quarantine Centre အဖြစ် နည်းပညာတက္ကသိုလ်၊ မြောင်းတကာစံပြကျေးရွာ တိုက်နယ်ဆေးရုံနှင့် တပ်ကြီးကုန်း အ.ထ.က ကျောင်းတို့တွင် ဆောင်ရွက်ထားရှိလျက်ရှိရာ Quarantine ဝင်နေသူများ၏ စွန့်ပစ်အမှိုက်များကို ရောဂါပြန့်ပွားကူးစက်မှုမရှိစေရေးအတွက် ဘေးကင်း လုံခြုံစွာ စွန့်ပစ်နိုင်ရန် ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက အမှိုက်စွန့်ပစ်မည့် မြေနေရာကို လိုက်လံ ကြည့်ရှုခဲ့ကြောင်းသိရသည်။
ဟားခါးမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၂၇၀၂ စုတို့အား ထောက်ပံ့ငွေများပေးအပ်
Sep 18,2020
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအတွက် နိုင်ငံတော်မှတတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် တာဝန်ရှိသူများက ဟားခါးမြို့၊ မြို့ဟောင်းရပ်ကွက်နှင့် စျေးဟောင်း ရပ်ကွက်များသို့ သွားရောက်၍ တစ်အိမ်တက်ဆင်း ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။
ပလောက်မြို့တွင် အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ဆက်လက်ပေးအပ်
Sep 18,2020
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့ မြို့ပေါ်ရပ်ကွက်များ ရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ (၃)နာရီအချိန်ခန့်က ရပ်ကွက် အုပ်ချုပ်ရေးမှူး များနှင့် အဖွဲ့ဝင်များက ဆက်လက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်
Sep 18,2020
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသ ကြီးရုံးမှ ဦးစီးအရာရှိ ဒေါ်နော်ကြူကြူဝေနှင့် တာဝန်ရှိသူများသည် ကျောက်တန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ များသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ များကို ပြည်သူများ သိရှိ လိုက်နာစေရန် အသံချဲ့စက်ဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက လိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
မန့်ဟီးရိုးမြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဒေသခံ ရှမ်းလူမျိုးများကိုသာ အထူးရဲခန့်အပ်မည်
Sep 18,2020
နိုဝင်ဘာလ၈ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာမဲပေးနိုင်ရေး အတွက် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင် ရန်ဒေသခံရှမ်းလူမျိုးများကိုသာအထူးရဲခန့်အပ်သွားမည်ဖြစ်ကြောင်းသိရသည်။