နမ့်စန်တွင် အား/ကာကော်မတီဥက္ကဋ္ဌဖလား ၂၅ နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ အုပ်စု မဲနှိုက် ရွေးချယ်

နမ့်စန်()       ဇွန်  ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၁ခုနှစ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ အုပ်စု မဲနှိုက်ရွေးချယ်ပွဲကို ယနေ့နေ့လည် ၁နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးဇေယျာဟန်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဦးအေးချမ်းနိုင်နှင့်မြို့နယ်အား/ကာ ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူနှင့်နည်းပြများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးဇေယျာဟန်က မြို့နယ်အတွင်း လူငယ် ရွက်ပုန်းသီး အားကစားသမားကောင်းများ ဖော်ထုတ်နိုင်ရေး၊ ရပ်ကွက်/ကျေးရွာ အုပ်စုအတွင်းရှိ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိရေးနှင့် မြို့နယ်လက်ရွေးစင်ကစားသမားများ ရွေးချယ်နိုင်ရေးတို့အတွက် အသက်(၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဦးအေးချမ်းနိုင်က ဖူဆယ်ဘောလုံးပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသူများက အားကစားနှင့်ကာယပညာ ကော်မတီ ဥက္ကဋ္ဌ ဖလား အသက်(၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲအတွက် အုပ်စုခွဲခြင်းကို မဲနှိုက်၍ ဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲ ပွဲစဉ်ဇယား ရေးဆွဲခဲ့ကြသည်။

အဆိုပါ အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ဖူဆယ် ဘောလုံးပြိုင်ပွဲကို ဇွန်လ ၂၀ ရက်နေ့ နံနက် ၉ နာရီတွင် စတင်ကျင်းပမည်ဖြစ်ကာ ရပ်ကွက်နှင့် ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း ၁သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရ သည်။

မြို့နယ်(ပြန်/ဆက်)