ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၁၆၄၃၅)ဦး အား သက်ဆိုင်ရာဒေသများသို့ ပို့ဆောင်ပေးနိုင်ခဲ့
Sep 18,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့ ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ် များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှ မီးရထား ခရီးစဉ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိရာ စက်တင်ဘာလ (၁၈)ရက်နေ့တွင် အမျိုးသား (၁၀၆)ဦး ၊ အမျိုး သမီး (၃၉)ဦး စုစုပေါင်း (၁၄၅ )ဦးတို့ကို ထပ်မံပို့ဆောင်ပေးနိုင်ခဲ့သည်။