ဒိုက်ဦး ဇွန် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ဇွန်လ ၁၈ ရက်နေ့က ပဲခူးတိုင်း၊ ဒိုက်ဦးမြို့၊ အမှတ် ၆ မင်းတဲရပ်ကွက်၊ ဓမ္မာရုံ၌ ပြုလုပ်ပေးသည်။
အဆိုပါ ပန်းခင်းစီမံချက်ကို ဆောင်ရွက်ရာတွင် အသက်(၁၆ နှစ်မှ ၁၈ နှစ်ထိ) နှင့် (၁၈ နှစ်မှ အထက်) ရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို(၃.၅.၂၀၂၁) ရက်နေ့မှ (၃.၁၁.၂၀၂၂)ရက်နေ့အထိ ဆောင်ရွက် ပေး မည်ဖြစ်ကြောင်း သိရှိရသည်။
ဒိုက်ဦးမြို့နယ်တွင် အသက်(၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရန်ကျန်ရှိသည့် အစိုးရ ဝန်ထမ်း နှင့်ရပ်ကွက်ကျေးရွာ ၅၃ အုပ်စုမှလူဦးရေ (၅၈၇၆)ဦး အား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။