သတင်းများ

ပုဏ္ဏားကျွန်းမြို့တွင် မိုးရာသီကာလစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ
Jun 20,2021
  ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်များစိမ်းလန်းစိုပြေပြီး၊ ကျောင်းပတ်ဝန်းကျင်များ သာယာလှပစေရေးနှင့်ရာသီဥတုမျှတစေရန် ရည်ရွယ်ချက် ဖြင့်  မြို့နယ်သစ်တောဦးစီးဌာနကကြီးမှူး၍ မိုးရာသီကာလ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီက ပုဏ္ဏားကျွန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခြံဝင်း၌ ကျင်းပ သည်။
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်
Jun 20,2021
၂၀၂၁ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပရာ ဆုချီးမြှင့်ပွဲသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ကောင်စီ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ အားကစားဝါသနာရှင် ပြည်သူများတက်ရောက်ကြသည်။
ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် စာသင်ကျောင်းဆောင်နှင့် ဝန်ထမ်းအိမ်ယာ ဆောက်လုပ်
Jun 20,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာ၌ မိုပိုထိရောက်စေရန်နှင့် ဝန်ထမ်းများနေထိုင်ရေး အဆင် ပြေစေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် (RC-၃ထပ်) စာသင်ကျောင်းဆောင်တစ်ခုနှင့် (၆)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ယာတစ်ခု  ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့၌ အခြေခံပညာကျောင်းများတွင် သင်ကြားရေး ဆရာ/ဆရာမများ ခန့်တားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲကျင်းပ
Jun 20,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်း၌ အခြေခံပညာကျောင်းများတွင် သင်ကြားရေး ဆရာ/ဆရာမများ ခန့်ထားနိုင်ရေးအတွက် အရည်အချင်းစစ် လူတွေ့စာမေးပွဲကို ယနေ့နံနက် ၉ နာရီက ကျောက်ဆည်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စာဖြေဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့၌ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ
Jun 20,2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကို ယနေ့ နံနက် ၈ နာရီက ညောင်လေးပင်မြို့ အ.ထ.က(၂)ကျောင်းနှင့် ပန်းတင်ကျေးရွာရှိ အ.ထ.က(ခွဲ) ကျောင်းတို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ မူးယစ်ဆေးစွဲသူများအတွက် ခန်းမဆောင်နှင့် ကျောင်းဆောင်သစ်အပ်နှင်းခြင်း ကျေးဇူးတော်ချီးမွမ်းဆုတောင်းပွဲသို့ တက်ရောက်အားပေး
Jun 20,2021
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့၊ နန်ကျင်ကျေးရွာရှိ မူးယစ် ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်းအဖွဲ့တစ်ခုဖြစ်သည့် ဂရုဏာလက် လူငယ်ပြုစုပျိုး ထောင်ရေးသင်တန်းကျောင်းအတွင်း ရီဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းသည့် ခန်းမဆောင် နှင့် ကျောင်းဆောင်သစ်အပ်နှင်းခြင်း ကျေးဇူးတော်ချီးမွမ်းဆုတောင်းပွဲသို့ ဇွန် ၁၉ ရက် နံနက် (၁၀)နာရီ တွင် တက်ရောက်အားပေးခဲ့သည်။
လဟယ်မြို့တွင် ၂၀၂၁ခုနှစ်ရပ်ကွက် ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံး ပြိုင်ပွဲကျင်းပ
Jun 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် ၂၀၂၁ ခုနှစ် လဟယ်မြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ(ဖလား) ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အမျိုးသား အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် လဟယ်မြို့ ရွှေပြည်သာ အားကစားကွင်း၌ ကျင်းပသည်။
မလှိုင်မြို့နယ်မှ ထွေ/အုပ် စာရေးဝန်ထမ်းများအား Problem Solving and Decision Making သင်တန်းပို့ချ
Jun 20,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေးဝန်ထမ်းများ တွေးခေါ် စဉ်းစားတတ်စေရန် ရည်ရွယ်၍ “ Problem Solving and Decision Making ” သင်တန်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။