သန်လျင်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး မီးသတ်ယာဉ်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Sep 18,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပေး နှိုးဆော်ခြင်းလုပ်ငန်းများအား ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ ပူးပေါင်းကာ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက် ရှိရာ ယမန်နေ့ ည ၇ နာရီက မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်ဖြင့် ရောဂါကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။