သတင်းများ

ရေးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Jun 19,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ရေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ နေ့လယ် ၄ နာရီက သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေးစာရင်းများ ဆောင်ရွက်ပေးလျက်ရှိ
Jun 19,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးက “ပန်းခင်းစီမံချက်”ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ရွာကောက်ရပ်ကွက်အတွင်းရှိ ကျောက်ကျင်းရပ်တွင် နေထိုင်လျက်ရှိသည့် အသက်(၁၆)နှစ် အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုင်ဆောင်ဘူးခြင်း မရှိသေးသူများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ တာဝန်ရှိသူများ ပူးပေါင်းကာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့် လူဦးရေးစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေး
Jun 19,2021
ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများကို အိမ်ထောင်စုနှင့် လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို မေ ၃ ရက်နေ့မှစ၍ ပြုလုပ်ပေးလျက်ရှိသည်။
ပုသိမ်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင်၂၀၂၁ ခုနှစ် သင်ကြားရေးဆရာ/ ဆရာမများ အဖြစ် ပြင်ပပုဂ္ဂိုလ်များအား ခန့်ထားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲကျင်းပ
Jun 19,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ပေါ်ရပ်ကွက်အသီးသီးမှ အခြေခံပညာကျောင်းများတွင် ၂၀၂၁ ခုနှစ်တွင် ပြင်ပပုဂ္ဂိုလ်များအား သင်ကြားရေးဆရာဆရာမများအဖြစ် ခန့်ထားရန်အတွက် ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများခေါ်ယူလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ရေးဖြေ စာမေးပွဲကို  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်
Jun 19,2021
ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံအနှံ့အပြားတွင် ကူးစက်မှုမြင့်မားလာခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီး၊    ပုသိမ်မြို့နယ်တွင်   ဌာနဆိုင်ရာ  ဝန်ထမ်းများစုပေါင်း၍  Mask   Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့အမှတ် ၄ နယ်မြေ အောင်ဧရာစျေးရှေ့တွင် စျေးရောင်းစျေးဝယ်သူများနှင့် ခရီးသွားပြည်သူများအား Mask များ ပေးဝေခြင်း ပြုလုပ်ခဲ့သည်။
ရသေ့တောင်မြို့၌ စာပေပလက်ဖောင်းအဖွဲ့မှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်း
Jun 19,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့ စာပေ ပလက်ဖောင်းအဖွဲ့မှ ဦးဆောင်ပြီး အများပြည်သူ အနေဖြင့်  စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှုငှားရမ်းနိုင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းကို ယနေ့ နေ့လယ်(၁)နာရီက ရသေ့တောင်မြို့ အထက(၂)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ကြီးမြို့နယ် အတွင်းရှိစည်ပင်သာယာမြို့မဈေးနှင့်နတ်သံကွင်းမြို့မဈေးတို့အား ကိုဗစ်−၁၉ စည်းကမ်းချက်များ လိုက်နာမှုရှိမရှိ ကွင်းဆင်းစစ်ဆေး
Jun 19,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ကျောက်ကြီးမြို့နယ် အတွင်းရှိ စည်ပင်သာယာ မြို့မဈေးနှင့်နတ်သံ ကွင်းဒေသရှိ စည်ပင်သာယာမြို့မစျေးတို့တွင် စျေးရောင်းဈေးဝယ်ပြုလုပ်နေသူများ ကိုဗစ်−၁၉ စည်းကမ်းချက်များနှင့်အညီ လိုက်နာရောင်းချမှုရှိ/မရှိကို ယမန်နေ့ မနက် (၈)နာရီအချိန်က မြို့နယ်တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့ကြောင်းသိရသည်။
ကျောက်ကြီးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
Jun 19,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ကျောက်ကြီးမြို့နယ်  အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးမှူးရုံး၌ ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့ နံနက် (၉)နာရီမှ စတင်၍ မြို့ပေါ်ရပ်ကွက်ရှိပြည်သူများအား ဆောင်ရွက်ပေးကြောင်း သိရသည်။