ကျောက်ဆည်မြို့၌ အခြေခံပညာကျောင်းများတွင် သင်ကြားရေး ဆရာ/ဆရာမများ ခန့်တားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲကျင်းပ

ကျောက်ဆည် ဇွန် ၂၀

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်း၌ အခြေခံပညာကျောင်းများတွင် သင်ကြားရေး ဆရာ/ဆရာမများ ခန့်ထားနိုင်ရေးအတွက် အရည်အချင်းစစ် လူတွေ့စာမေးပွဲကို ယနေ့နံနက် ၉ နာရီက  ကျောက်ဆည်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စာဖြေဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစာမေးပွဲတွင် ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားဦး မြို့နယ်များမှ အခြေခံပညာ ဦးစီးဌာနများတွင် သင်ကြားရေး တာဝန်ထမ်းဆောင်ရန် ခန့်ထားနိုင်ရေးအတွက် လျောက်ထားသူ  အထက်တန်းပြ နေရာအတွက်(၉၈)ဦး၊ အလယ်တန်းပြ နေရာအတွက်(၃၉)ဦး၊ မူလတန်းပြ နေရာအတွက် (၆၃၉)ဦး စုစုပေါင်း(၇၇၆)ဦး ဖြေဆိုရန်စာရင်း ပေးထားသော်လည်း အထက်တန်းပြ နေရာအတွက်(၈၅)ဦး၊ အလယ်တန်းပြ နေရာအတွက်(၃၃)ဦး၊ မူလတန်းပြ နေရာအတွက်(၉၀)ဦး စုစုပေါင်း(၁၀၉)ဦး လာရောက် ဖြေဆိုခဲ့ကြောင်း သိရသည်။

စာမေးပွဲဖြေဆိုရာတွင် စာမေးပွဲဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့မှ ကြပ်မတ်ဆောင်ရွက် ပေးလျက်ရှိပြီး ကျောက်ဆည်ခရိုင် ပညာရေးမှူးနှင့် ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားဦးမြို့နယ်များမှ မြို့နယ်ပညာရေးမှူးများ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)