သတင်းများ

မြစ်ကမ်းထိန်းနံရံပြိုကျမူဖြစ်ပွား
Sep 20,2020
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ် သင်္ကန်းကြီးကားလမ်းပေါ်ရှိ ထင်းစုကျေးရွာအနီး မြစ်ကမ်းထိမ်း နံရံ ပေ ၁၀၀၀ အောက်ခြေတွင် ရွေးမြစ်၏ဝဲကတော့ထိုးမှုကြောင့် စက်တင်ဘာ ၁၈ ရက်နေ့ ညပိုင်းက ပြိုကျခဲ့ကြောင်း သိရသည်။
ကျီခါးမြို့အမှတ်(၁)ရပ်ကွက်ရှိ အ.မ.က(ခေါမွန့်)ကျောင်း၌ စာသင်ဆောင်အသစ် ဆောက်လုပ်မှု (၉၅) ရာခိုင်နှုန်းပြီးစီး
Sep 20,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ အမှတ်(၁)ရပ်ကွက်ရှိ အ.မ.က(ခေါမွန့်)ကျောင်း၌ စာသင်ဆောင် အသစ်ဆောက်လုပ် လျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှု (၉၅)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါကျောင်းမှ သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်း မတပ်ဆင်သူများအား ယခုဝယ် ယခုတပ်စနစ်ဖြင့်ပညာပေး
Sep 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် နေအိမ်ပြင်ပ ထွက်ခွာပါ က နှာခေါင်းစည်းမတပ်ဆင်သူများအား ယခုဝယ်ယခုတပ် စနစ်ဖြင့် ပညာပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က သီရိမင်္ဂလာရွှေချမ်းသာ မွေတော် ဘုရားကြီးရှေ့ နှင့် လမ်းဆုံများတွင် ဆောင်ရွက်ခဲ့ကြသည်။
အိမ်မဲမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဖွင့်လှစ်
Sep 20,2020
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အ-ထ-က(၂)၊ အ-မ-ကမြို့မ(၁)၊ အ-မ-ကမြို့မ(၂)ကျောင်းများ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ရပ်စောက်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေ များပေးအပ်
Sep 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများအတွက် စားဝတ်နေရေး ပြေလည်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းမှ စတင်၍ တာဝန်ရှိသူများက ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ဒီးမော့ဆိုမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၅၈၁၂ စုအား ထောက်ပံ့ငွေ ပေးအပ်
Sep 20,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၅၈၁၂ စုအား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ သွားရောက် ပေးအပ်လျက်ရှိကြောင်း သိရသည်။
ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေများ ထပ်မံပေးအပ်
Sep 20,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီ အချိန်က ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ် ခဲ့သည်။
မြစ်သားမြို့နယ်တွင် အခြေခံလူတန်းစားအိမ်ထောင်စုများအား တတိယအကြိမ်အဖြစ် ငွေကျပ် နှစ်သောင်းထောက်ပံ့ပေးအပ်
Sep 20,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော် အစိုးရမှ တတိယအကြိမ် ထောက်ပံ့သော ငွေကျပ် ၂၀၀၀၀ အားပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။