ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် စာသင်ကျောင်းဆောင်နှင့် ဝန်ထမ်းအိမ်ယာ ဆောက်လုပ်

ကျောက်ဆည်   ဇွန်  ၂၀

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာ၌ မိုပိုထိရောက်စေရန်နှင့် ဝန်ထမ်းများနေထိုင်ရေး အဆင် ပြေစေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် (RC-၃ထပ်) စာသင်ကျောင်းဆောင်တစ်ခုနှင့် (၆)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ယာတစ်ခု  ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ (RC-၃ထပ်) စာသင်ကျောင်းဆောင်သည် အလျား(၁၉၂)ပေ၊ အနံ(၃၈)ပေရှိပြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၆၁၀)ဖြင့် ၂၀၂၁-ခုနှစ်၊ ဇန်နဝါရီ(၁၄)ရက်နေ့တွင် ဟင်္သာကျော်ကြားဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူပြီး စတင်ဆောက်လုပ်လျက်ရှိကြောင်းနှင့်(၆)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ယာသည် အလျှား(၁၂၀)ပေ၊ အနံ(၄၀)ပေရှိပြီး ခွင့်ပြုရန်ပုံငွေ ကျပ်(၄၉၅၀.၃)သန်းဖြင့် ၂၀၂၁-ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်တွင် ဘာမားပဲလေ့ ဆောက်လုပ်ရေးကုမ္မဏီမှ  တာဝန်ယူဆောက်လုပ်သည်။

ယခုအခါ ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် တတိယနှစ် ကျောင်းသား၊ ကျောင်းသူများ၏ ၊ဒုတိယနှစ်ဝက်ပညာသင်နှစ်အား သင်ကြားပေးလျှက်ရှိပြီး ယခုဆောက်လုပ်ပေး လျက်ရှိသော (RC-၃ထပ်) စာသင်ဆောင်နှင့် (၆)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ယာ ဆောက်လုပ်ပြီးစီး သွားပါက သင်ကြား၊ သင်ယူမှုများ ပိုမိုမြန်ဆန်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)