မလှိုင် ဇွန် ၂ဝ
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေးဝန်ထမ်းများ တွေးခေါ် စဉ်းစားတတ်စေရန် ရည်ရွယ်၍ “ Problem Solving and Decision Making ” သင်တန်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ထွေ/အုပ် ဝန်ထမ်းများလုပ်ငန်းခွင် ကြုံတွေနိုင်သည့် အခက်အခဲပြသနာများအား ဖြေရှင်းရာတွင် ပြသနာဖြစ်ရသည့် အကြောင်းအရင်း၊ ဖြေရှင်းနည်း၊ မှန်ကန်သည့် ဆုံးဖြတ်ချက် ချမှတ်နိုင်ရေးအတွက် ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ အမြင်အမျိုးမျိုးဖြင့် ကြည့်ရှုစဉ်းစား တွေးခေါ်သည့် ဉာဏ်စမ်းပဟေဠိ မေးခွန်းများကို ပရိုဂျက်တာ ဖြင့်ရှင်းလင်း ပြသကာ ဆွေးနွေးပို့ချခဲ့သည်။
အဆိုပါသင်တန်းသို့ မြို့ပေါ်ရုံးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု(၅၆)မှ စာရေး ဝန်ထမ်းများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)