လဟယ်မြို့တွင် ၂၀၂၁ခုနှစ်ရပ်ကွက် ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံး ပြိုင်ပွဲကျင်းပ

လဟယ် ဇွန် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် ၂၀၂၁ ခုနှစ် လဟယ်မြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ(ဖလား) ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အမျိုးသား အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် လဟယ်မြို့ ရွှေပြည်သာ အားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ လဟယ်မြို့ နယ်အားကစားနှင့် ကာယပညာ ကော်မတဥက္ကဋ္ဌ ဦးဇာနည်၀င်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ အတွင်းရေးမှူး ဦးနေမင်းသူနှင့် လဟယ်မြို့နယ် အားကစားနှင့် ကာယပညာ ကော်မတဥက္ကဋ္ဌ ဦးဇာနည်၀င်းတို့က ပြိုင်ပွဲ၀င်အသင်းများအား နှုတ်ဆက်အား ပေးကြည့်ရှု့ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ရပ်ကွက်/ကျေးရွာများမှ ပြိုင်ပွဲ၀င် အသင်းစုစုပေါင်း(၁၆)သင်း ၀င်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကာလမှာ (၂၀-၆-၂၀၂၁)မှ (၂၄-၆-၂၀၂၁) ရက်နေ့အထိ ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

(ရှားဆက်၊လဟယ်)