ဟိုပန် ဇွန် ၂၀
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ မိုးရာသီကာလ သွေးလွန်တုပ်ကွေ းရောဂါ ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို ယနေ့နံနက်(၈)နာရီ အချိန်က ဟိုပန်မြို့ပေါ်ရပ်ကွက်(၁၀) ရပ်ကွက်၊ စာသင်ကျောင်း(၇)ကျောင်း၊ ဘုန်းတော်ကြီးကျောင်း (၁၀) ကျောင်း၊ သီလရှင်စာသင်တိုက်(၁)တိုက်နှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း(၆)ကျောင်းတို့တွင် ဆောင်ရွက်ခဲ့သည်။
ခြင်ဆေးဖျန်းခြင်း လုပ်ငန်းကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးကြပ်ကာ ဟိုပန်မြို့နယ် မီးသတ်ဦးစီး ဌာနမှတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ကြက်ခြေနီ အသင်းမှလူငယ်များပူးပေါင်း၍ စုစုပေါင်းအင်အား(၃၀)ဦးဖြင့် ရပ်ကွက်အတွင်းရှိ ခြင်များခိုအောင်း နိုင်သောနေရာများ၊ ရေနုတ်မြောင်းများ၊ စာသင်ကျောင်းခန်းများနှင့် လူနေအိမ်များအား မာလာတီယွန်ဆေးဖြင့် ခြင်ဆေးဖျန်းစက်(၃)လုံးကိုအသုံးပြုကာ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးညီနပ်၊ အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ်အောင်ကျော်၊ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များဖြစ်ကြသော ဒုတိယဗိုလ်မှူးကြီးအောင်ကျော်စိုး၊ ဒုတိယရဲမှူးကြီးစိုးပိုင်နှင့် ဦးကျင်ဝမ်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များကလိုက်ပါ ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင် (ပြန်/ဆက်)