နမ္မတူမြို့နယ်ရှိ မီးဘေးသင့်ပျက်စီးခဲ့သည့် လူနေအိမ်(၄၃)လုံးအတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေများနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်

နမ္မတူ ဇွန် ၂၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နမ္မတူမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှု ဦးစီးဌာနရုံးမှ နမ္မတူမြို့နယ်အတွင်းရှိ မီးဘေးသင့် ပျက်စီးခဲ့သည့် လူနေအိမ်(၄၃)လုံးအတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့မီးဘေးသင့် ပျက်စီးခဲ့သည့် နေအိမ်များအား ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ တာဝန်ခံ ဒေါ်မြတ်သူနှင်းနှင့် တာဝန်ရှိသူများက မီးဘေးသင့်ပျက်စီးခဲ့သည့် လူနေအိမ် (၄၃)လုံး၊ အိမ်ထောင်စု (၄၃)စု၊ လူဦးရေ(၂၁၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေကျပ် (၆၅)သိန်းကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုးပါ ပလပ်စတစ်ပုံး(၄၃)ပုံးအား ဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် ဇွန်လ (၁၆)ရက်နေ့တွင် နမ္မတူမြို့နယ် အတွင်းရှိ မီးဘေးသင့်ပျက်စီးခဲ့သည့် လူနေအိမ်(၈၄)လုံး၊ အိမ်ထောင်စု(၈၄)စု၊ လူဦးရေ(၄၅၃)ဦး တို့အတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေကျပ် (၁၆၇)သိန်းကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးပါ ပလပ်စတစ်ပုံး(၈၄)ပုံးအား လည်းကောင်း၊ ယနေ့နံနက်ပိုင်းတွင် မီးဘေးသင့် ပျက်စီးခဲ့သည့် လူနေအိမ်(၄၃)လုံး၊ အိမ်ထောင်စု(၄၃)စု၊ လူဦးရေ(၂၁၄)ဦး တို့အတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေကျပ် (၆၅)သိန်းကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုးပါ ပလပ်စတစ်ပုံး(၄၃)ပုံးအား လည်းကောင်း၊ စုစုပေါင်း မီးဘေးသင့် ပျက်စီးခဲ့သည့် လူနေအိမ်(၁၂၇)လုံး၊ အိမ်ထောင်စု(၁၂၇)စု၊ လူဦးရေ(၆၆၇)ဦး တို့အတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေကျပ် (၂၃၂)သိန်းကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးပါ ပလပ်စတစ်ပုံး (၁၂၇)ပုံးအား ဘေးသင့်ပြည်သူများ လက်ဝယ်သို့အ‌ရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း နမ္မတူမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ တာဝန်ခံ ဒေါ်မြတ်သူနှင်းထံက သိရသည်။

လူမော် (ပြန်/ဆက်)