ကျိုက်မရောမြို့နယ်တွင် ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး သင်တန်းဖွင့်လှစ်

ကျိုက်မရော ဇွန် ၂၀

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပြည်သူများ ငှက်ဖျားရောဂါ မဖြစ်ပွားစေရန် အတွက် ပညာပေးသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံ သင်တန်းခန်းမ၌ပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းတွင် မွန်ပြည်နယ် ငှက်ဖျားရောဂါ ကာကွယ်တိုက်ဖျက်ရေးအဖွဲ့မှ ဆရာဝန်ကြီး ဒေါက်တာညဏ်ဆင့်က ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ခြင်ကြောင့်အများဆုံး ဖြစ်ပွားလေ့ရှိသော ငှက်ဖျားရောဂါ တိုက်ဖျက်ရေး နည်းလမ်းများနှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ရှင်းလင်းဆွေးနွေး သင်ကြားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သင်တန်းသို့ တက်ရောက်လာသော လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသား၊ သင်တန်းသူများ၏ သိလိုသော အချက်များကို ငှက်ဖျား တိုက်ဖျက်ရေးအဖွဲ့ ဆရာဝန်ကြီးက ပြန်လည်ဖြေကြား ရှင်းလင်း သင်ကြား ပေးခဲ့သည်။

ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးသင်တန်းသို့ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၁)ရက်ဖြစ်ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)