မိတ္ထီလာခရိုင်၌ အခြေခံကျောင်းများတွင် သင်ကြားရေးဆရာ/ဆရာမများ ခန့်ထားနိုင်ရေးအတွက် အရည်အချင်းစစ် စာမေးပွဲကျင်းပ

မိတ္ထီလာ    ဇွန်    ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၌ အခြေခံကျောင်းများတွင် သင်ကြားရေးဆရာ ဆရာမများ ခန့်ထားနိုင်ရေးအတွက် အရည်အချင်းစစ်ဆေးသည့် စာမေးပွဲကို ယနေ့နံနက် ၉ နာရီက စာစစ်ဌာန (၃)ခုဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် မိတ္ထီလာခရိုင်၌ အခြေခံကျောင်းများမှ အထက်တန်းပြ ၊ အလယ်တန်းပြနှင့် မူလတန်းပြနေရာများအတွက် သင်ကြားရေးဆရာ/ဆရာမများ ခန့်ထားနိုင်ရေးအတွက် မိတ္ထီလာခရိုင်တွင် စာစစ်ဌာန ၃ ခုဖြင့် ကျင်းပရာ မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များမှ ဘွဲ့ရရှိသည့်သူများ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခြေခံကျောင်းများတွင် သင်ကြားရေးဆရာဆရာမ ခန့်ထားနိုင်ရေးအတွက် မိတ္ထီလာခရိုင်တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စာစစ်ဌာန (၂)ခုနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် စာစစ်ဌာန(၁)ခု ၊ စာစစ်ဌာန(၃)ခုတွင် အထက်တန်းပြနေရာအတွက်  ၁၃၃  ဦး၊ အလယ်တန်းပြနေရာအတွက် ၃၇ ဦးနှင့် မူလတန်းပြနေရာ အတွက် ၁၆၁၅ ဦးရှိကြောင်းနှင့် ၎င်းနေရာများအတွက် လူတွေ့စစ်ဆေးခြင်းကို ဇွန်လ ၂၀ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူး ဒေါ်ခင်စန်းဦးထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)