မိုင်းဆတ် ဇွန် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ အထူးလျှော့ရက်များခံစားခွင့်ပြုနိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရွှေထွန်းနှင့် တာဝန်ရှိသူတို့က ထောင်အတွင်း ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူများအား ကြည့်ရှုစစ်ဆေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က အကျဉ်းသား၊ အကျဉ်းသူများအား အကျဉ်းဦးစီးဌာန၏ စည်းကမ်းများ လိုက်နာနေထိုင်ကြရန်နှင့် ကျန်းမာရေး အထူးဂရုစိုက်နေထိုင်ကြရန် အားပေးစကားပြောကြားခဲ့ပြီး စားဖိုဆောင်ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် မိုင်းဆတ်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/သူများအနက် “က”အဆင့်(၃၉)ဦး၊ “ခ”အဆင့်(၆)ဦးနှင့် “ဂ”အဆင့်(၃၂)ဦး စုစုပေါင်း (၇၇)ဦးအား အထူးလျှော့ရက် ခံစားခွင့်ပြုခဲ့ကြောင်းသိရသည်။
မြင့်မောင်