ပြည် ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခေတ္တရာမြို့သစ် (၁၀)လမ်းထိပ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး လူထု၌ ယနေ့မွန်းလွဲပိုင်းက စာရေးဆရာလယ်တွင်းသား စောချစ်၏ ၁၉၈၉ ခုနှစ် အမျိုးသားစာပေဆုရစာအုပ်ဖြစ်သော "ပန်းလိုချင် အပင်ပျိုးတတ်မှ" စာအုပ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြည်မြို့ဆုံစည်းရာစာဖတ်ဝိုင်းနှင့်စာပေချစ်မြတ်နိုးသူများ( Book Club )အဖွဲ့ မှ စာရေးဆရာ အောင်စိုး(တိမွေး/ကု)၊ ဆရာမောင်စိမ်းလန်း(ပြည်)၊ ဆရာ ကနောင်နိုင်နွယ်ဦးနှင့် ဆရာမောင်သိန်းဝင်း (ဝက်ထီးကန်)တို့က အဆိုပါ "ပန်းလိုချင် အပင်ပျိုးတတ်မှ" စာအုပ်ဖတ်ရှုခြင်းမှ ရရှိလာသော သုတ/ရသအကြောင်း အရာများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး ခရိုင်ပြန်/ဆက်ဝန်ထမ်းများတက်ရောက်လေ့လာကြောင်း သိရသည်။
ကိုဆက်