မိုင်းဆတ် ဇွန် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ သဗ္ဗညုဆုတောင်းပြည့်စေတီတော် စိန်ဖူးတော်တင်လှူ ပူဇော်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအား ယနေ့နံနက် ၈ နာရီခွဲတွင် တာဝန်ရှိသူတို့က ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးသော်ဇင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်နှင့် တာဝန်ရှိတို့က စိန်ဖူးတော်တင်လှူပူဇော်ရန် ငြမ်းဆင် ဆောင်ရွက်နေမှု၊ ဘုရားရင်ပြင်တော်နှင့်ပရဝုဏ်အတွင်း သန့်ရှင်းရေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ဓမ္မဃောသက သာသနာ့ဗိမာန် ဓမ္မာရုံတွင် ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှု များအား တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြရာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ သဗ္ဗညုဆုတောင်းပြည့်စေတီတော် စိန်ဖူးတော်တင်လှူပူဇော်ခြင်းကို ဇွန်လ(၂၂)ရက်နေ့ နံနက်(၈)နာရီခွဲတွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မောင်