မောင်တော ဇွန် ၁၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၌ အခြေခံပညာကျောင်းများတွင် လစ်လပ်လျက်ရှိသည့် (ထက်၊လယ်၊မူပြ) သင် ကြားရေး ဆရာ၊ ဆရာမများ ခန့်ထားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲကို ယနေ့နံနက် (၉)နာရီ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စာစစ်ဌာနတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစာမေးပွဲကို သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့် ပုဂ္ဂိုလ်များအား အခြေခံပညာ ကျောင်းများတွင် လစ်လပ်လျက်ရှိသည့် သင်ကြားရေး ဆရာ၊ ဆရာမများအဖြစ် ခန့်ထားနိုင်ရေး အတွက် အရည်အချင်းစစ်စာမေးပွဲအား ဖြေဆိုကြရာ မောင်တောမြို့ခရိုင်မှဖြေဆိုမည့် အထက်တန်းပြရာထူးအား ဖြေဆိုရန်အတွက် လာရောက် လျှောက်ထားသူ ၁၆ ဦး၊ အလယ်တန်းပြရာထူးအား ဖြေဆိုရန်အတွက် လာရောက်လျှောက်ထားသူ ၂ ဦး၊ မူလတန်း ပြရာ ထူးအား ဖြေဆိုရန်အတွက် လာရောက်လျှောက်ထားသူ ၅၄၈ ဦး၊ စုစုပေါင်း ၅၆၆ ဦး ရှိပြီး ဖြေဆိုသူ ၅၂၄ ဦးရှိရာ မူလတန်းပြ ရာထူးအား ဖြေဆိုရန် အတွက် မဖြေဆိုသူ ပျက်ကွက် (၄၂)ဦး ရှိကြောင်း ခရိုင်ပညာရေးမှူး ဦးညီထွေးထံမှသိရသည်။
ထို့အပြင် အခြေခံပညာကျောင်းများတွင် လစ်လပ်လျက်ရှိသည့် (ထက်၊လယ်၊မူပြ) သင်ကြားရေး ဆရာ၊ ဆရာမများ ခန့်ထားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲဖြေဆိုသူများသည် ဇွန်လ ၂၀ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် လူတွေ့ စစ်ဆေးခြင်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တွင် စာစစ်ဌာန တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြု လုပ်သွားမည်ဖြစ်ပြီး ဖြေဆိုလာသူများသည် နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ ဆယ်တန်းအောင်စာရင်းမူရင်း၊ ဘွဲ့ရလက်မှတ် မူရင်းများအား တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူး ဦးကြာစိန်အောင်ထံမှ သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)