မိုးညို ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ သူများတွေ့ရှိလာပြီဖြစ်သည့်အတွက် ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။
မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး အဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ကြက် ခြေနီအသင်း၊ ဌာနဆိုင်ရာ၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် Volunteer များ စုပေါင်း၍ မြို့အဝင်ဂိတ်တွင် စစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အတွင်းသို့၀င်ရောက်လာသည့် ခရီးသွားပြည်သူများ၊ ကျေးရွာများမှ ဈေးရောင်း/ဈေးဝယ်လာရောက်သူများအား လက်ဆေးဘေစင်များတွင်လက်ကို ဆပ်ပြာဖြင့် ဆေး ကြောစေခြင်း၊ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ Mask ကိုစနစ်တကျတပ်ဆင်စေခြင်း၊ ခရီးသွား ရာဇ ဝင်မှတ်တမ်းများ ရေးသွင်းခြင်းနှင့် အသိပညာပေးခြင်းများကို နေ့စဉ်မပြတ် ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ကိုမင်း